ကောင်းကင်ကြီးကို
မော့ကြည့်နေတာလဲ တဲ့။
စိတ်အားငယ်တဲ့အချိန်
(သို့မဟုတ်)
စိတ်မကောင်းစရာတွေ
ကြုံတွေ့နေရခဏ
ဖြစ်ချိန်တန်လို့ မဖြစ်တဲ့အခိုက်အတန့်
ကောင်းကင်ကြီးကို ကြည့်လိုက်ရင်
အားလုံး ဟာလာဟင်းလင်းနဲ့
ခံစားမှုတွေ မရှိတော့
အားသစ်အင်သစ်တွေနဲ့
နောက်တကြိမ် ကြိုးစားဖို့
အားတက်ရခဲ့ပေါ့။
လူ့ဘဝဆိုတာ
တစ်ဦးနဲ့တစ်ဦး, တစ်ယောက်နဲ့တစ်ယောက်
လာရာလမ်းကြောင်း
လားရာလမ်းဆုံး မတူကြဘူးလေ။
တဦးအတွက် မခက်ခဲပေမယ့်
တခြားလူအတွက် အင်တိုက်အားတိုက်
ကြိုးစားလိုက်ရတာ
ဒါပေမယ့် မအောင်မြင်ပြန်ဘူး။
အနားမှာ အားပေးမယ့်မိတ်ဆွေ
အပေါင်းအသင်း, သူငယ်ချင်းတွေ
စိတ်ကျနာတွေ နားထောင်ပေးဖို့
ဝေးကွာနေရင် အဖော်ဆိုတာ
ကောင်းကင်ကြီးပဲ ရှိတာ။
ကိုယ်ပြောတာကို မညည်းမညူ
နားထောင်ပေးတယ်။
ကဲ မိတ်ဆွေ
လုပ်သမျှမအောင်မြင်ဘူးဆိုရင်
နောက်တကြိမ်ဆိုတဲ့ အားမာန်မွေးရင်း
ကျနော် ကောင်းကင်ကြီးကို
ကြည့်နေအုံးမှာ။
(ဘလော့ဘ်ဂါ ကိုနောသို့ အမှတ်တရ)
1 comment:
ကဗျာဆရာပြောတော့လည်း ဟုတ်တုတ်တုတ်ပဲ...
ကိုယ်က ကောင်းကင်ကိုခဏခဏကြည့်ရတာ သိပ်စိတ်မဖြောင့်ချင်ဘူး....။
Post a Comment