စိတ်ရဲ့အီနီးရှား ကို
စိတ်နှစ်ထားခိုက်မှာ
အဝေးက
ခန္တီစ၊ တပေါစ ဆိုတဲ့
မနိုင်လို့ သည်းခံခြင်းနဲ့
မရှိလို့ ခြိုးခြံခြင်းများ
နားထဲ တိုးဝင်လာဆဲခဏ။
အချိန်လေးရလို့
အချိန်လေးရလို့
ဆရာတစ်ယောက်၏
သမိုင်း ကြောင်းထဲ
လျှောက်လှမ်းနေစဉ် ။
အနားကပ်ပြီး
လာပြောသွားတာက
မယား(၇)မျိုး မှာ
ကျွန်မျိုးဖြစ်တဲ့ မယားကိုယူတဲ့
ဒါလည်း မသဲမကွဲ။
သာဓုခေါ်ဖို့
ခြောက်မည်ရ အမတစည်တော်ကြီး ရဲ့
တယောက်တည်း ခပ်ပြင်းပြင်းတီးနေပေါ့။
ပြီးတော့မလားဆိုပြီး
စောင့်နေခိုက်
ပေါက်သွားတဲ့ ကိုနောနဲ့
မဟာဗန္ဓုလဗျူဟာက
မထိတထိ ကလိ ကလိ။
ဒီလိုနဲ့ ငါ
ခြေထောက်သန်တဲ့နေရာလေး မှာပဲ
ကျိန်စာသင့်ခဲ့ပေါ့။
နောက်ဆုံးတော့
နားအေးပါးအေး
နားအေးပါးအေး
သိချင်ဘူး ။
တကယ့်ကို
မသိချင်တော့ဘူး။
2 comments:
စုံစီ ပြီး
တီးလိုက်တာ
ဝှမ်းဆူ
ကမ္ဘာလုံး ကျော်တယ်ကိုး
စုံစီနဖာမှာ ပလုံစီအောင် ပါတာမို့ နောက်ဆို အဲ..ပြုံးပြုံးလေးပဲ နေတော့မယ်။
Post a Comment