Tuesday, April 13, 2010

နှစ်သစ်ကူး လက်ဆောင်မွန်


စိတ်ဆိုတာ
ဒီနားမှာ နေနော့
ချော့မော့ပြောလည်း မရ။

ဟိုနားမှာ နေပါလား
သွားပြန်ရော တနေရာ။

အိမ်တွင်းမှာနေဆိုတော့
အပြင်ထွက်လာပေါ့။

ဒါဆိုလည်း အိမ်ရှေ့မှာထိုင်
အေးပြီပေါ့ မှတ်တာ 
မကြာပါ လမ်းဘေးမှာ
ငေးတေးတေးနဲ့ ရပ်လို့။

ဒါလည်း ဘာကြာလို့
လျှောက်ဖို့ ခြေလှမ်းက စ။

လူ့စိတ်ဆိုတာ
အဲ့လိုပါ ။

အငြိမ်မနေတတ်တာတွေနဲ့
အရည်မဲ့ အဖတ်မကျန်
လမ်းမှန်ရင်တော့ တော်သား
လမ်းမှားရင်လား
သွားရမှာ သေချာပြီ
အပါယ်ရွာ တံခါးမရှိ။
စွဲသတိ အမြဲရှိ
အော် .........
သတိ သတိ။


3 comments:

Crystal said...

သတိလေး တစ်ခုအတွက် သာဓုခေါ်ပါတယ်ဘုရား။

ကိုနော said...

ငေါက်မရ..ချော့မရ..ဘာစိတ်လဲကွ...တယ်..ငါ...။
အော်..သတိ...သတိ...။

linnhtatshein said...

အော် စိတ် စိတ်
ထိပ်ထုလို့ ရရင်
ကိုယ့်အလိုတိုင်း ရလောက်ရဲ့ 
ခုတော့ လည်း......
သူပြောသလို...
လေးစားလျက်