Friday, April 9, 2010

အလကား နိဗ္ဗာန်လား?


သူသူကိုယ်ကို
နားလည်မှုအတွက်
လမ်းဖွင့်ထားတာ မဟုတ်ဘူး။
လမ်းဖွင့်ထားခြင်းအတွက်
နားလည်မှုပေးဖို့။

အလှည့်ဆိုတာ လွမ်းနေသေးရင်
ရယူခြင်းကို နွယ်နေပေါ့။

ခက်တော့ခက်ပြီ
ငြိမ်းအေးခြင်း နိဗ္ဗာန်
အလိုလို တံခါးဖွင့်မထားဘူး။


2 comments:

yaungnioo said...

ပြောလျက် ဝေးနေတာက နိဗ္ဗာန်
ငေးလျက်ရောက်နေတာက ...န်။

Crystal said...

ဟင်း....(သက်ပြင်းချသံ)။ စိတ်မောလို့ နိဗ္ဗာန် ဝေးသေးလားဟင်။ ရောက်ခါနီးရင် ပြောအုံးမယ်။