Thursday, April 8, 2010

နှစ်ဆယ် တစ်ဆယ်ခရီး


ဒီအတိုင်းပဲလားဆိုတော့
အရင်အတိုင်းပါပဲတဲ့။
မနက်ဖြန်ကောင်းစားဖို့
များများကောက်ကျစ်ရအုံးတဲ့။

ထိုက်ထိုက်တန်တန်
အပြုံးပန်းအတွက်မရေရာ
အရှုံးနွမ်းအတွက်ကိုတော့
ခံယူနိုင်မလားဆိုတာ
မပြင်ဆင်ရသေးဘူးတဲ့။

လှအောင် ပအောင်တော့
ကြည့်တတ်နေတာမဟုတ်ဘူး
ဒီအတိုင်းပဲ 
မျှော်လင့်ထားခဲ့တာ
အရင်အတိုင်းပဲ။

အမှန်တရားအတွက်
ဆက်ရမည့် လမ်းကို
လန်းလန်းဆန်းဆန်းနဲ့
ဆက်လှမ်း ဆက်လျှောက်။

2 comments:

yaungnioo said...

လန်းလန်းဆန်းဆန်း
လျှောက်နိုင်ပါစေ

ကိုနော said...

အနုလေးတွေ ထွက်လှချည်လား....နာလိုဘူး...။