Saturday, April 10, 2010

တွေးလက်စ နံနက်ခင်းအတွေးများ(၇)



ဘ၀တစ်ခုကို အသက်ရှုခြင်းနဲ့ စတင်လိုက်ပြီ။ လောကဓံကို နားမလည်တတ်သေးတဲ့ဘ၀ကို မသိတသိနဲ့ ဖြတ်သန်းခဲ့ဘူးပြီ။ ကျောင်းနေတဲ့ဘ၀ စတင်မိလိုက်တဲ့အချိန်မှာ ရှိခြင်း မရှိခြင်း နားလည်ခြင်း နားမလည်ခြင်း စသည် စသည်များလည်း သင်ရိုးတခြား ဖြစ်စဉ်တခြားနဲ့ စာမျက်နှာတွေ ကျော်ဖတ်ခဲ့ဘူးပြီ။

တကယ်တော့ ကိုယ့်ဘ၀ကို အသာဘက်က ဖော့ဖော့တွေးတတ်နေပြီ။ အကောင်းအမြင်နဲ့လည်း ဘ၀ကို ချော့သိပ်ထားတတ်ပြီ။ သမာသမတ်ကျခြင်း စိတ်ဓါတ်ကို အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်နာနေရပြီ။ တရား ခြင်း မတရား ခြင်းကို ခွဲခွဲခြမ်းခြမ်း သိတတ်နေပြီ။ အမှန်တရားကိုလည်း တလေးတစား ၀တ်ဆင်နေ တတ်ပြီ။ 

တခါတရံ ကိုယ့်ဘ၀ကို အမှားများလည်း အမည်းရိပ်ထင်စေဘူးခဲ့ပြီ။ အမှားကို အမှားလို့ မြင်တတ် လာအောင် သူငယ်ချင်းကောင်း ပတ်ဝန်းကျင်ကောင်းနဲ့ အသားတကျ နေတတ်နေပြီ။ အမှားကို အမှန်ပြင်ပြီး အမှန်တရား ကို ကိုးကွယ်နေရပြီ။

ကိုယ့်ကိုယ်ကို အကောင်းမြင်နေတတ်တဲ့ ပတ်ဝန်းကျင် အပေါင်းအသင်းကိုလည်း ဝေးဝေးက ရှောင်ကြဉ် ခြင်း၊ ကိုယ်ပေါင်းစိတ်ခွါနေနည်းနဲ့လည်း ကျင့်သားရနေပြီ။

ယုံကြည်မှုအတွက် သိက္ခာတရားကို နိမ့်ကျမသွားအောင် အမြင့်မှာပဲ သိမ်းထားတတ်ပြီ။  ဘ၀ကို ကျေနပ်ခြင်း ရောင့်ရဲခြင်း ဖြေသိမ့်ခြင်းတွေနဲ့ပဲ လောကဓံကို ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဆက်ဆံတတ်ခဲ့ပြီ။ 

အများအကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က စကားဖြင့်ဖေးမခြင်း၊ အလုပ်နဲ့ ဖေးမခြင်းကိုလည်း တတ် နိုင်သလောက် ကျင့်သုံးနေဆဲ။ 

ဒီလိုဆို ငါရထားတဲ့ ဘ၀ ကျေနပ်ခြင်းနဲ့ လွတ်လပ်ခြင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ကျန်နေသေးတဲ့ သက်တမ်းကို လေးလေးပင်ပင်မဟုတ်ဘဲ သက်သက်သာသာလေးနဲ့ ဖြတ်သန်းရပေအုံးမယ်။


2 comments:

Crystal said...

ပေါ့ပေါ့ပါးပါးပေါ့။

yaungnioo said...

တွေးလည်းတွေး
ဝေးမသွားစေနဲ့ ဦးပေါ့နော်
လေးစားစွာ