Friday, April 2, 2010

ခြေထောက်သန်တဲ့နေရာလေးသို့ အမှတ်တရ


တောင်တွေကို မိုးထိုးမတ်တပ်
ထောင်ထားတဲ့ နေရာလေးပေါ့
ပြီးတော့ 
ရေကို သိုလှောင်ထားလေရဲ့။

စာလုံးပေါင်းတူပေမယ့်
နာမည်နှစ်ခု ဘေးချင်းကပ်ထားသလို
ကမ္ဘာကသိတဲ့နေရာနော့။

အံ့သြမယ်ဆိုရင် 
ရောက်ဖူးသူတိုင်း တအံ့တသြနဲ့
လည်တံရှည်အိမ်တွေလည်းရှိရဲ့။

ဒီနေရာလေးဟာ
သူမရှိရင် မဖြစ်ဘူးဆိုတာ
ဘီလူးဆိုတဲ့ ချောင်းလည်း
ကောင်းကောင်းသိရဲ့။

လက်လှုပ် လက်စားဆိုတာ
အဲ့ဒီနေရာလေးမဟုတ်။
ဒါပေမယ့် ထူးတာက
ခြေလှုပ်လက်စားနေရာလေးလည်း
ဟုတ်ရဲ့။

အဲ့ဒီတ၀ိုက်အတွင်း
ကိုယ်ဝယ်ထားတဲ့မြေ
ကိုယ်သယ်သွားလို့လည်းရ။

ဘိတ်, ရခိုင်စကားနဲ့လည်း
သုံးပုံနှစ်ပုံလောက်နီးပါး 
တူလား တူရဲ့။

အလှူအတန်း ရက်ရောမှု
အငြင်းပွါးစရာမလို
ပျားမနင်းစရာမြေမရှိ
ပျင်းသနားတယ်ဆိုလား
ကျောင်းကန်ဘုရားကို
ကြည့်ရင် သိရဲ့။

မြေကြီးပေါ် လမ်းခင်းပြီး
လမ်းနာမည်ပေးတာ ဘာဆန်းလို့။
ရေပေါ်မှာ လှေသွားပြီး
လမ်းနာမည်ပေးတာ ဆန်းလို့။

နှစ်ထပ်ရှိမှ
မှတ်မိမှာမို့
နောက်တစ်ခေါက်သွားစို့။


အင်းလေးအမှတ်တရ။

1 comment:

ကိုနော said...

သွားကြမယ်လေ...ပဒိုင်းသီးတွေ တင်ခဲ့...။