Saturday, April 24, 2010

မြှားတစ်စင်းရဲ့ စိတ်ဓါတ်


ပုံမှန်ပါပဲ
လိုလိုချင်ချင်ဆိုတာတွေ
အစကတည်းက  မရူးသွပ်ခဲ့တာ။

နေတတ်လွန်းလို့ ခက်ပေါ့
စိတ်နဲ့ကိုယ် တသားတည်း
အလွဲအမှားမရှိ။

ဘောင်ခတ်တယ်ဆိုတာ
အမြင်ကျဉ်းသူတွေက ခတ်တာ
စိတ်အမြင်ကျယ်သူက
လာပြီးဘောင်ခတ်ထားလည်း
ယပ်တောင်တချောင်းနဲ့
ဟူး.....ဟူး
ရာသီဥတုက ပူတယ်။

ပေးဆပ်ခဲ့ခြင်းဝိညာဉ်တွေနဲ့
တသားတည်း တသွေးတည်း
ငါ့မှာ 
ရပ်တည်နေတာကြာပေါ့။

ခုတော့
သေတော့မယ့် သက်ကြားအိုက
ကလေးစိတ်နဲ့
မုန့်ဖိုးလာတောင်းရတယ်လို့
ဟင်း ဟင်း
ပျင်းတယ်။
(ရှာရှာဖွေဖွေပေးရတာ)
ရော့ တမတ်။

2 comments:

linnhtatshein said...

မြားပစ်ခွင်းပေရော...

ကိုနော said...

သက်ကြားအိုကကလေးစိတ်နဲ့မုန့်ဖိုးလာတောင်းရတယ်လို့