Friday, April 9, 2010

အကြည့်


တိုင်တည်ပါ့ရစေ
အရင်းနှီးဆုံးတွေ ဖြစ်နေလို့ပါ
ဖြစ်တည်မှုလမ်းစဉ်အတိုင်းလား
ဒီလိုဆို
သွေဖယ်နေမလား မသိ။

အခိုက်အတန့်အားဖြင့်
စိတ်တွေကို ကောင်းကင်ထဲသို့
လွင့်ပစ်ထားတဲ့အချိန်မှာ
တိမ်တွေကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ 

ငါ့စိတ်တွေ ငါ့ဆီ ပြန်ရောက်ချိန်
မင်းတွေးတာတွေ မှားတယ်လို့
အရင်းခံအတိုင်း ပြောရရင်
မမှားစေချင်ဘူး။
ငါ့စိတ်က တိမ်တွေလိုပဲ
အရောင်မပြောင်းဘူးဆိုတာ
သိစိတ်ထက်
မသိစိတ်ကပဲ နားလည်ပေးပါ။

ဘ၀ဟာ ဒီလိုပဲဆိုတာ
တစိမ့်စိမ့် တွေးခြင်းနဲ့
နားလည်စိတ် ထားရင်
ဖြူစင်ခြင်းဟာ
မင်းထင်ထားသလို
အဖြူအတိုင်းပဲ ဖြစ်နေမှာပါ။

တိမ်တွေမကြည့်ဘဲ
ကောင်းကင်ကို ကောင်းကင်အတိုင်း
ကြည့်နေတတ်ခဲ့ရင်
ကောင်းကင်ကြီးက မင်းအတွက်
ဟင်းလင်းပေါ့ကွာ
ဟင်းလင်းပေါ့။


No comments: