Wednesday, April 13, 2011

ပိတောက်ရေ..................(၂)


မနေ့က ညဝက်စောင်းစောင်းမှာ
ကောင်းကင်ဆိုတဲ့မြစ်က
ချောင်းပေါက် မြစ်ရောက်မဟုတ်တဲ့
မစို့မပို့ တခါးတစ်ချပ်ကို ဖွင့်ပြီး
သင်္ကြန်ကို ကြိုလိုက်တာ
ပိတောက်က မရှိဘူး။

 ပြီးပြည့်စုံခြင်း ဆန္ဒများ
အနေအထား မှားနေရော့သလား
သင်္ကြန်မိုးက တခြား
ပိတောက်က တနေရာ
ကျိန်စာသင့်တာတော့ မဟုတ်ပါစေနဲ့။

အနာဂတ်ကို မယုံကြည်တဲ့ ပိတောက်
ချစ်ခြင်းတရားတွေ မပျောက်ပါစေနဲ့ကွယ်။

နေရာကွဲလို့ လွဲနေရတာပါ
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို
ကျေးဇူးပြု၍ ယုံကြည်ထားပါ
ငါတို့ ဆုံကြမယ်လေ............နော့။

ပိတောက်ရေ
ပွင့်ဖို့သာ အားတင်းထားပါ
မိုးကတော့ လာမယ်။

Friday, April 8, 2011

ပိတောက်ရေ ..............


ပိတောက်က ပိတောက်
သေချာတဲ့ ဧပရယ်လ်က ဧပရယ်လ်
(တန်ခူးက တန်ခူး တခါတရံ ကဆုန်က ကဆုန်)
ဆုံမှတ်အဖြစ် ပေါင်းကြတော့
သင်္ကြန်တဲ့။

ဘယ်အရာမဆို
ရသတစ်ခုဖြစ်ဖို့
ဆုံမှတ်ကတော့ လိုအပ်မှာပါပဲ။

သင်္ကြန်ကတော့ ရောက်လာတော့မယ်
ငါနဲ့ဆုံမှတ်ဖြစ်လားဆိုရင်
ငါ့ရင်ထဲက ပိတောက်က
ဟိုး.........အဝေးဆီမှာ
ဟိုး.........အဝေး
ဟိုး...........။