အဝေးက ငါ လွမ်းကြည့်မယ်
ဒီအတိုင်းပဲ ရှိနေပေးပါ။
တစ်နှစ်လုံး ဖွေးဖွေးလှုပ်
စံပါယ်တွေပွင့်နေလည်း
မင်းကို လွမ်းသလောက်
စံပါယ်ကို ငါ မလွမ်းဘူး။
လိုလိုချင်ချင်
ရာသီတိုင်း အရောင်မျိုးစုံ
သေးသေးကြီးကြီးမူယာများစွာနဲ့
နှင်းဆီတွေ ဘယ်လောက်ပွင့်ပွင့်
မင်းကို တမ်းတသလောက်
နှင်းဆီကို ငါ မလွမ်းဘူး။
ရှားရှားပါးပါး
တန်းဖိုးကြီးလွန်းတဲ့
လှပခြင်းများစွာနဲ့
သစ်ခွတွေ ဘယ်လောက်လှလှ
မင်းကို သတိရသလောက်
သစ်ခွကို ငါ မလွမ်းဘူး။
တစ်နှစ်မှ တခေါက်လာတတ်တဲ့
စိမ်းညိုရောင် အရွက်တွေကြား
ဝါထင့်ထင့် ဒီပန်းကို
ငါ မမြတ်နိုးဘဲ ရှိပါမလား။
အချိန်မှန်တယ် မမှန်ဘူး
သစ္စာရှိတယ် မရှိဘူးဆိုတာ
မင်းနဲ့မဆိုင်ဘူးနော်
တိုက်ဆိုင်မှုနဲ့ နားလည်ခြင်း
ဒါဟာ မင်းရဲ့သင်္ကေတပါ။
လွမ်းတာဟာ လွမ်းတာပါပဲ။
ငါလွမ်းနေခြင်းဟာ
တမ်းတနေခြင်း တမျိုးပါ။
ကဲ ..........
ပွင့်မယ့်ပိတောက်ရေ
မင်းအတွက်
တေးသံတွေနဲ့ မကြိုဘူး
တခမ်းတနား အလွမ်းတွေနဲ့
ကြိုနေတော့မယ်။
1 comment:
ဆွေ့ ဆွေ့ ခုန်မိပါတယ်။ တန်းခူးလေမှယ တူးပို့ သံ မြူးကြွစေမယ်။
Post a Comment