Monday, April 19, 2010

အမှန်တရားကို ချစ်တဲ့သူများ


အယူအဆတွေ
မလိမ်မိုးမလိမ္မာစိတ်နဲ့
ဖျက်လိုက် ပြင်လိုက်
မှားလိုက် မှန်လိုက်
ကောင်းလိုက် ဆိုးလိုက်
အရောရော အထွေးထွေး
ဘယ်တော့မှ အယူအဆများ
အကောင်းဆုံးဖြစ်မယ်ဆိုတာ
နာရီတွေ အများကြီးပေးထားရပြီ။

အမှားကို ဝန်မခံရဲတာနဲ့
ဆုံးရုံးမှုတွေ အတုန်းအရုံး
ပေးဆပ်မှုတွေ ကိန်းဂဏန်းမဲ့
အလှအပတွေ ပန်ဆင်ဖို့
အချိန်မီအုံးပါ့မလား။

အမှန်ကို လက်ခံဖို့
နှောင့်နှေးလွန်းတာက
ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့
ဘာများထူးသေးလို့လဲ။

ဖြစ်သင့်တာက
သေတွင်းတူးပေးမယ့်သူတွေ
တန်းစီးပြီးစောင့်လို့
ဂုဏ်ပြုနေချင်ကြတာ
အမှန်တရားဆိုတဲ့ အယူအဆ
စွဲစွဲမြဲမြဲ ဆွဲကိုင်ထားရင်
မနက်ဖြန်ထိအောင် လှတယ်။


3 comments:

linnhtatshein said...

စိတ်ကောင်းနှင့်သာ
ရှေးရှုနှင်ပါတော့
အမှန်တွေချည်းသာ

ဓမ္မဂင်္ဂါ said...

အမှန်တရားချစ်သူများကြားထဲ
ငါလည်း အုတ်ရောရောကျောက်ရောရောပါသလိုမျိုးပါရဲ့
တကယ်တန်းစီလိုက်တော့လည်း
သဲလေးတစ်ပွင့်တောင်မဖြစ်တော့တာမျိုး
အော်
ဖြစ်ရလေ

ကိုနော said...

အမှန်တရားစာမျက်နှာမှာ ခဲဖျက်ရာတွေများနေလို့ပါ..။