Wednesday, April 14, 2010

တောင်းဆုချွေ နှစ်သစ်ကူး



သင်္ကြန်အကျနေ့မှာ
ကြွလာသမျှ မိတ်သဟာ
ချမ်းသာစေ ကိုယ်စိတ်
နားခိုရိပ်များ အေးမြစေ။

ဘေးဘယာဆိုတာ
အတွေးထဲမှာကို ရှိစေနဲ့။

လုပ်သမျှ ကိုင်သမျှ
ခိုင်မြဲမှုနဲ့  ပြီးမြောက်စေ။

အလှူအတန်းလည်း
စိတ်မှန်းသလောက် ပြုနိုင်စေ။

အများအကျိုးအတွက်
အားကိုးသူကြီးလည်း ဖြစ်ပါစေ။

နှစ်စဉ်တိုင်းမှာ
သာယာချမ်းမြေ့ ရှိပါစေ။


3 comments:

Unknown said...

လာနေကြ
ပရိသတ်
နာမည် တစ်မျိုးနဲ့ 
ရောက်လာသည်
ကိုကျော် ဂျာမဏီ

ကိုနော said...

ဒုက္ခပါပဲ...မီးလေးခဏပျက်တာနဲ့ဆုပေးကလွဲသွားတယ်၊
နောင်နှစ်ဆို မီးလာတဲ့အချိန် ဆုပေးပေးပါ...။

linnhtatshein said...

ရေးတယ် တဲ့ ရေးတယ်
အတွေးရယ်ကျယ်
ဘေးကွယ် စေသား