တိမ်တွေ တစ်စုနဲ့တစ်စု
ခိုးခိုးခစ်ခစ်ရယ်နေတဲ့အချိန်
ကတိစကားတွေ တပိုးတနင့်နဲ့
အသေအချာလာခဲ့မယ်တဲ့။
မျှော်နေမယ်သိသားနဲ့
တိမ်တွေခေါက်သိမ်းထားတဲ့ ညနေခင်း
ဝမ်းနည်းခြင်း ခြေလှမ်းတွေနဲ့
ငါ့မှာ အိမ်အပြန်နောက်ကျခဲ့ရပြီ။
ခုထိ နားလည်မှုတွေ မလွဲပါဘူး
ခွင့်လွတ်ခြင်းတွေရှိနေသရွေ့
ငါ တမ်းတမ်းတတနဲ့
လွမ်းနေတတ်တာ
ငါ့အမှားဆိုရင်တော့
ဆက်မှားခွင့်ပြုပါ။
ရာသီတွေခစားနေရတဲ့မင်း
အမှားအယွင်းရှိလည်း
နားလည်တတ်တာ ငါပါ။
တကယ်တော့
အရင်းအနှီးဆိုတာ
နှစ်ဘက်ကျေနပ်နေရင် ပြီးရော
ဘာပဲဖြစ်ဖြစ်
လာ သွားစို့
လာ သွားစို့
ရေပက်ခံထွက်ကြမယ်။
2 comments:
ရေပက်ခံ ထွက်မယ် ဆိုဘဲ
သွားနှုင့်ကြပါ
လေးစားလျက်
ရသမှာ ကဗျာနှစ်ပုဒ်လုံးကို တင်ထားပါတယ်ဘုရား။
စုံစီနဖာကဗျာမှာ လင့်လေးတွေ ချိတ်ပေးလိုက်ပါတယ်ဘုရား။ ရှုစားတော်မူလှည့်ပါ။ ရေပက်မှာစိုးလို့ မြန်မြန်ပြန်သွားပါတယ်ဘုရား။
http://www.dhammaflavour.net/2010/04/blog-post_1509.html
Post a Comment