အနေအထားတွေ
အသိမ်းအဆည်းမှားယွင်းလို့
ပျော်ရွှင်စွာနေတတ်လွန်းတဲ့ ငါတို့
တဖြည်းဖြည်းနဲ့
ပျော်ရွှင်တွေဟာ
ပျော်ရွှင်တွေဟာ
နည်းခဲ့ ရှားပါခဲ့ပေါ့။
တောရော မြို့ပါမကျန်
အများနဲ့ပျော်ရွှင်ရမယ့်
သင်္ကြန်ပွဲ အားခဲထားတာ
တနှစ်လုံးနီးနီးပေါ့။
ခုတော့
ရေအစား သွေးစွန်းခဲ့ရပြီ
ပျော်ရွှင်ရမယ့်အစား ဝမ်းနည်းခဲ့ရပြီ
အသိတရားခေါင်းပါးလာတာကို
စိတ်မကောင်းဖြစ်ပေါ့။
ငါဆုတောင်းထားတဲ့အတိုင်း
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ မြန်မာမြေ ငြိမ်းချမ်းပါစေ။
2 comments:
ပိတောက်ရနံ့တို့ကို မျှော်လင့်တုန်း သွေးနံ့တွေ လှိုင်ခဲ့တာကြောင့် ခေတ်ပျက်လေပြီတကားလို့ ဆင်ခြင်မိတော့ သွားလေသူတွေကို ဝဋ်ကြွေးတွေ ကြေစေဖို့ ဆုတောင်းရင်း တရားရိပ်ကနေ ပို့သလိုက်မယ် မေတ္တာတွေ။
ချမ်းမြေ့ပါစေ...လေ။
Post a Comment