ပို့စ်အသစ် မတင်ဖြစ်တဲ့အချိန်မှာ ဂီတကို တစိမ့်စိမ့် ဖတ်ဖြစ်ပါတယ်။ နားထောင်တာ အားမရလို့ စာသား တွေကို နောက်ကလိုက်ရေးပြီး သံစဉ်မပါဘဲ ဖတ်ဖြစ်နေတဲ့ စာသားတွေကိုပါ။ နားထောင်ဖြစ်တဲ့သီချင်းက ကိုလေးဖြူရဲ့သီချင်းလေးပါ။ တွေးလိုက်တိုင်း စဉ်းစားလိုက်တိုင်း နေသားတကျ ဖြစ်နေတဲ့ ရေလိုက် ငါးလိုက် ဘဝတွေက သံစဉ်မပါဘဲ တေးသားကို ဖတ်နေရသလိုပါပဲ။ တေးသားက ဒီလိုပါ........
ဒီလို ငါ ယုတ္တိမရှိတဲ့ အဖြစ်ကို
ယုတ္တိရှိဖို့ မွန်းမံနေရင်း
သေချာအောင် အသေးစိပ် ခွဲခြမ်းကြည့်တော့
ငါလုပ်တဲ့ အလုပ်က အဓိပ္ပါယ်မရှိဘဲ
ငါတစ်ယောက်တည်း မဖြစ်တော့
ဒီအတိုင်း နှုတ်ပိတ်။
တိတ်ဆိတ်မှုတွေနဲ့ ပေါင်းဖက်ကာ
နှုတ်ပိတ်။
ဆွံ့အမှုတွေကြားထဲမှာ
နှုတ်ပိတ်။
ခါးသီးမှုတို့ စားသုံးပါ
နှုတ်ပိတ်။
ဘယ်လူကို အားကိုးပြီး ရှေ့ဆက်မယ်
မင်းမရှိတော့ ငါ အားအင်တွေမဲ့
လူယုံတွေ သတ်တဲ့ ငါ့ရဲ့နေ့တွေက
ဘာတစ်ခုမှ
မင်းမသိနိုင်တော့ဘူး။
ငါ တစ်ယောက်တည်း
နှုတ်ပိတ်။
ဒီ ............နှုတ်ပိတ်။
တိတ် ............နှုတ်ပိတ်။
ဆွံ့ ............နှုတ်ပိတ်။
ခါး ............နှုတ်ပိတ်။
............နှုတ်ပိတ်။
............နှုတ်ပိတ်။
3 comments:
စာကတော့ စည်ကားလှသဗျ ဝေနေတော့တာပဲ
အိုင်စီကိုယ်တိုင်ကတော့ ပြောပါတယ်။ ဘယ်တော့မှ မပြီးဘူးတဲ့။ ဒါပေမယ့် လှပါတယ်ဆိုလား။
ကိုပါရဂူရေ!ပန်းဝင်ချင်နေသူများ စာက ဒီနေ့ ပိုလို့ရုပ်လုံးပေါ်နေတယ်၊ active သတင်းနဲ့ ကွက်တိပဲ။ ကာရံမဲ့စာရဲ့ စွမ်းပကားထင်ရဲ့၊ တည့်နေပြီဆိုရင်တော့....
Post a Comment