Sunday, March 21, 2010

ပန်းဝင်နေချင်သူများ


ကိုယ်ပစ်တဲ့ မြှား
ကိုယ့်ဆီပြန်လာတဲ့အချိန်မှာ
ပြေး ..... အားပါးတရ ပြေးပါ။
နေ့ရော ညပါ ပြေး
နောက်မဆုတ်တမ်း ပြေး။

လွတ်ချင်လို့ ပြေးတာဆိုပေမယ့်
လွတ်မှာ မဟုတ်ပါဘူး။
နေ့လည်းအရိပ်ထင်
ညမှာလည်း အရိပ်မြင်
တကယ်တော့
စိတ်အရိပ်မည်းက 
နောက်က တို့ တို့ ပေးနေတော့
ပြေးနေအုံးပေါ့။  

ပြေး ......
ပြေးသာပြေး .......
မြှောက်ပေးတာမဟုတ်ဘူး။

တကယ်တော့
ဝဋ်ဆိုတာ အဲ့ဒါပဲလို့ 
နာမည်မတပ်ချင်ဘူး။

ပြေး ......
ပြေးသာပြေး ...........။
သုသ်,သင်း ဆိုတဲ့ သောကြာဂြိုဟ်ထိ။
 (ဘေးက လက်ခုပ်တီးပေးနေတယ်)

3 comments:

ဓမ္မဂင်္ဂါ said...

ဘယ်နားက နေရမလဲ
တိုးဝှေ့ကြည့်တဲ့အထဲမှာ

Crystal said...

လွတ်မရုန်းသာ အကြိမ်ကြိမ် အခါခါပဲ (အေးချမ်းမေ သီချင်း) အင်း....ဝဋ်လို့တော့ နာမည်မတပ်ချင်ဘူး။

Unknown said...

သုံးကြိမ်လောက် လိုက်လာပြီးပြေးကြည့်ရတယ်။ ကိုပါရဂူရေ! လက်ခုပ်တော့တီးမလို့ပါပဲ မြှောက်ပေးတာ မဟုတ်ဘူး ဆိုလို့ ပြန်ရုပ်သိမ်းလိုက်တယ်