အဲ့ဒီ နေ့လည်ခင်းပေါ့
မျက်နှာစုံညီနဲ့ တွေ့ခဲ့ခြင်းပါ။
အပူတွေလည်း မပါ
အယူတွေလည်း မပါ
ဘယ်လောက် ခမ်းခမ်းနားနားရှိသလဲဆိုတာ
ရင်ဘတ်တွေကို ဇစ်ဆွဲပြီး
ဖွင့်ကြည့်စရာ မလိုဘူး
မျက်နှာချင်းဆိုင် အပြစ်ပြောလို့ရတဲ့
ရင်းနှီးမှုများ။
အသေအချာပါပဲ
နောက်နေ့လည်း ဒီရင်ဘတ်နဲ့
ဒီခံစားမှုပဲဆိုတာ။
သူသူကိုယ်ကိုယ်တော့
သူ့ရင်ဘတ် ကိုယ်ဖတ်
ကိုယ့်ရင်ဘတ် သူဖတ်
ရှိခဲ့ဖူးမှာပါ။
အစွန်းအထင်းတွေနဲ့အတူ
ဘာပြောမှာလဲ
ရင်ဘတ်ကို ရင်ဘတ်နဲ့ ဖတ်ခဲ့မယ်ဆိုရင်ပေါ့။
ရင်ဘတ်တွေ ငါ့ရင်ဘတ်မှာ နားခိုဖို့
မတောင်းဆိုဘူး
ရိုးရိုးသားသားနဲ့
ရင်ဘတ်ချင်း နားခိုတတ်ဖို့ပါပဲ။
အဝေးကြီး မဟုတ်ပါဘူး
နီးနီးလေး ရှိနေတတ်မယ်ဆိုရင်ပေါ့။
တကယ်ပဲ
တယုတယ လွမ်းတယ်။
တကယ်ပဲ
တယုတယ လွမ်းတယ်။
ရည်ညွန်း။ ။ ရင်ဘတ်ချင်း နီးတတ်လွန်းတဲ့ သူငယ်ချင်းများသို့
No comments:
Post a Comment