Saturday, March 27, 2010

ပြန်သိမ်းဆည်းနေရတဲ့ မောင်းကွဲသံများ


ငြိမ်းငြိမ်းနေချင် ငြိမ်ငြိမ်နေ။
ငြိမ်ငြိမ်နေမှ ငြိမ်းငြိမ်းနေရ။

လိုက်နာဖို့  ဆုံးမတဲ့
ဒီစကားလုံးများ
ငယ်ရွယ်စဉ်က နားခါးခဲ့ပေါ့။

တခါ တခါ
သူများအပူ ကိုယ်ယူ
ကိုယ့်အပူက သောင်းခြောက်ထောင်မက
အငြိမ်မနေတတ်ခဲ့ပုံများ။ 

အလှမ်းမတော်ခဲ့တာတွေ
အသွားရှော်ခဲ့တာများ
အပြောလွဲခဲ့တာတွေ
အလုပ်မှားခဲ့တာတွေ
များခဲ့ဘူးပြီ။ 
နှစ်ခဲ့လို့ နစ်နာခဲ့ပြီ။

ခုတော့လည်း 
အဲ့ဒီ ..... ဆုံးမစကားသံ
နားထဲမှာ 
နှလုံးသားထဲမှာ
နေရာတကျ လိုက်နာမိ။
 နေရာတကျ သိမ်းဆည်းတတ်ပေါ့။



2 comments:

Unknown said...

ကိုပါရဂူ ဘယ်လိုဖြစ်တာတုန်း။ နားမလည်တော့ဘူး မောင်းကွဲသံ။

ဓမ္မဂင်္ဂါ said...

အလှမ်းမတော်ခဲ့တာတွေ
အသွားရှော်ခဲ့တာများ
အပြောလွဲခဲ့တာတွေ
အလုပ်မှားခဲ့တာတွေ
များခဲ့ဘူးပြီ။
နှစ်ခဲ့လို့ နစ်နာခဲ့ပြီ။

“ စကားမစပ် မနက်ဖြန် တနင်္ဂနွေနေ့ရောက်ပြန်ပြီနော်”