Friday, March 26, 2010

ဓါတ်ပြားဟောင်းများ မှားဖွင့်မိခြင်း


အလွန်အကျွံမက်ထားတဲ့
အိပ်မက်တွေကိုပဲ
ငါ စိုးရိမ်တကြီး အားနာနေမိ။

တစ်ခါ ဖတ်ပြီးသား စာမျက်နှာတွေ
နောက်တခါပြန်ဖတ်တော့
အရင် စာမျက်နှာတွေ
ဘယ်ရောက်သွားတာလဲ။
သေသေချာချာ နံပါတ်မတပ်ခဲ့တော့
အဲ့ဒီ မျက်နှာနဲ့များ
ဝမ်းနည်းနေရသေး။ 

မွေးစာရင်းမပါဘဲ
အလိုလို အောင်မြင်နေချင်သူက 
ငါ ဖြစ်နေပါလား။ 
အင်း .............
စဉ်းစဉ်းစားစားပြောရရင်
အားတော့နာတယ်
သေလိုက်။

ငါသည် ငါသာလျှင်  ငါဖြစ်ပါစေ။ ငါ့အစား သူတပါးကို ငါ့နေရာအစားထိုးခြင်း မဖြစ်မနေသီးခံပါ။



2 comments:

မော်ကွန်းသစ် said...

အားမနာပါနဲ့  ဆက်မက်ပါကွယ်။ အချိန်အဟုန်ကောင်းကောင်း စီးဆင်းမှုတွေကို အားကျလို့ ကောင်းတုန်း။

သကျသွေးကို said...

တော်တော်ရက်စက်နေပါကောလား။ လျှာ ဒဏ်ခက်ရတာနဲ့ ။ ဘာနဲ့  ညာနဲ့  ဟိုဒင်း၊ ဟိုနင်း ဟိုဟာ။