Saturday, March 27, 2010

မြန်မာဖြစ်သောကြောင့်



မပြင်ချင်တော့ပါဘူး
တွေ့ဆုံရင် အပြုံးလေးလှပဖို့
ပြုံးတတ်နေတာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။

မဆင်ချင်တော့ပါဘူး
ရင်းနှီးရင် လှိုက်လှိုက်လှဲလှဲရှိဖို့
ဖော်ရွေတတ်တာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။

မကြင်ချင်တော့ပါဘူး
တခြားယဉ်ကျေးမှုကို
ငါ့ရှိပြီးသား တခမ်းတနားများ
ဒီ့ထက်သိမ်မွေ့စေဖို့
နေသားကျနေတာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။

အားလုံးကို
မြတ်နိုးနေဆဲ
အဲ့ဒါ 
ငါ မြန်မာဖြစ်သောကြောင့်။


3 comments:

မော်ကွန်းသစ် said...
This comment has been removed by a blog administrator.
ကိုနော said...

မထင်ချင်တော့ပါဘူး
ကိုယ့်ကိုယ်ကို ဗမာလို့
အဲဒါ မြန်မာဖြစ်သောကြောင့်...။

Unknown said...

မြန်မာဖြစ်သောကြောင့်
လာသွားတယ် ကိုပါရဂူ