ရှိခြင်းရဲ့အရိပ်မှာ
မမြင်သာတဲ့ ကြိုးတစ်ချောင်းစီတော့ရှိရဲ့။
ကြိုးဆိုတာက
ဘယ်သူ့ကိုမှ
လိုက်ချည်နေမှာတော့ မဟုတ်ဘူး
ကိုယ့်ကိုယ်ကို ပြန်ချည်ပြီး
ကိုယ်တိုင်ပြန်ရုန်းကန်နေကြ။
ကြိုးများများ ချည်ထားလေလေ
များများရုန်းရလေပေါ့
ချည်တိုင်မိတဲ့ဘဝဆိုတာ
တစ်ကြိုးလွတ် တစ်ကြိုးပြန်ချည်လိုက်နဲ့
ရုန်းလက်စကို မကုန်နိုင်ဘူး။
ရုန်းရင်း ရုန်းရင်း
ဆုံးတော့မယ်မှတ်နေမိ
ရုန်းတိုင်း ကြိုးပြေမတဲ့လား
ကြိုးမပြေပေမယ့်
ကြိုးပြတ်သွားတော့
ကြိုးပြန်ဆက်ပြီး ဆက်ထုံးနဲ့
ရုန်းလို့ ကန်လို့။
အင်း........
ဘဝနဲ့ကြိုးတွေ
ဘယ်လောက်ထိ ခုံမင်နေမယ် မသိ။
1 comment:
ကြိုးတွေလား အမှိုက်တွေလား.........
Post a Comment