Sunday, September 26, 2010

ကျနော်နဲ့ အဝေးကွင်း အနီးကွင်းမှတ်တမ်းများ


ဒီနေ့ထိ
ကွင်းရွေးနေတာလား
ဒါဆို 
ကျနော် လူရွေးမှားသွားပြီ။

ယနေ့ထိ
လူရွေးနေတာလား
ဒါဆို
ကျနော် ကွင်းရွေးမှားသွားပြီ။

ဘဝတသက်စာ အနားယူလိုက်တဲ့ဘဝတွေ
အနီကတ်တွေထိထားတဲ့ဘဝတွေ
စာမျက်နှာတွေ ဘယ်လောက်များခဲ့ပြီလဲ
ဒါတွေသိလျက်နဲ့
ကွင်းရွေးနေအုံးမယ်
လူရွေးနေအုံးမယ်ဆိုရင်
ဆိုရင်..........
ဆိုရင်....................
ကျနော်တို့ မန်နေဂျာခန့်တာမှားသွားပြီ။

ဒီလိုနဲ့
ဖြေ...သိမ့်...ရ...မှာ...လား?
မတရားမှုဟာ
ဒီလိုနည်းနဲ့တော့
နေရာမရဘူးဆိုတာကို။

No comments: