Tuesday, September 21, 2010

ကျနော်နဲ့ စောင့်ဖတ်နေရတဲ့ နေ့စွဲများ


မချင့်မရဲ အားမလို အားမရဆိုတာတွေနဲ့
နေ့စွဲတပ်မရတဲ့ဘဝတွေ
ဘယ်လောက်များခဲ့ပြီလဲ။

မနက်ဖြန်မျှော်လင့်အားကိုးနဲ့
ဒီနေ့ ရပ်တည်နေတာကိုးက
တံဆိပ်ပြေသွားတဲ့ဆေးလိပ်
ပြန်လိပ်သောက်နေရသလို။

ငါတို့ရဲ့ ဝင်လေထွက်လေကို
ငါတို့ ဘယ်လောက်ထိ ထိန်းထားနိုင်မှာလဲ
ရှေးရိုးအတိုင်းပဲ ကံကြမ္မာကိုစောင့်စားနေတာလား
ဒါဆို
အလင်းမပြတ်ဖို့တော့
ဖယောင်းတိုင်ကို မီးတို့ထားအုံးမှ။

ငါ့နေ့စွဲနဲ့ ငါ
လက်တစ်ဆုပ်စာ တိမ်တိုက်နဲ့တော့
ငါ မိုးမရွာဘူး။

No comments: