Wednesday, September 29, 2010

ကျနော်နဲ့ အဇ္ဈတ္တလူမျိုးများ


ကျနော့်ဇာတိရုပ် ကျနော်ပေါ်လွင်ချင်တယ်
ကျနော် မြန်မာပါ
ဘယ်တော့မှ အပြောင်းအလွဲမရှိဘူး
ကျနော် နိုင်ငံကူးတာထက် လူမျိုးမကူးဘူး။

ကျနော်ချစ်တာ ကျနော့်နိုင်ငံပဲ
ကျနော် ဗမာလူမျိုး
တရုပ်လည်းမဖြစ်ဘူး
ကုလားလည်းမဖြစ်ဘူး
ထိုင်းလူမျိုးမဖြစ်ဘူး
ကျနော်ကျေနပ်ထားတာ ကျနော်ပြောတာ
စစ်စစ်လို့ ခံယူထားတဲ့ကျနော်
အခြားနာမည် ကျနော် မပြောင်းလဲဘူး။

သူတို့စကားမှ မတတ်တဲ့ ကျနော် 
ရှမ်းဖြစ်လို့မရဘူး
ချင်းဖြစ်လို့မရဘူး
မွန်ဖြစ်လို့မရဘူး
စသည် စသည် ကျနော်ဖြစ်ခွင့်မရှိဘူး
ဖြစ်နေတဲ့ဘဝမှာ စစ်စစ်ဖြစ်ဖို့ကိုပဲ
ကျနော့်ကို ကျနော်ကြိုးစားရင်း
ကျနော့်ကို ကျနော်ဂုဏ်ယူတယ်။

လူမျိုးပြောင်းချင်လည်း ပြောင်းကြ
ကျနော် ဗွေမယူဘူး
ကိုယ့်သိက္ခာ ကိုယ့်လူမျိုးနဲ့ ကိုယ်ကိုး။

ဒါပါပဲ
ကျနော်ကတော့ စစ်စစ်ပဲ
ကျနော် ဗမာ(သို့) မြန်မာပါ။

No comments: