Friday, September 3, 2010

ကျနော်နဲ့ရွေးချယ်ခြင်းများ


အရှုပ်ထုပ်တွေထမ်းပြီး
သင်္ချိုင်းထဲဝင်မယ်လုပ်တော့
လက်မခံဘူး
အမှိုက်ပုံများမှတ်နေသလားတဲ့။

အသက်(၃၅)ကျော်လာပြီ
ရှုပါအတွက် မက်နေရင်
ဇရာဆီ မြန်မြန်မရောက်ဖို့
စိတ်နုပျိုအောင် 
ဘာဝနာဘက် လှည့်ရတော့မယ်။

တကယ်တော့
ဘယ်ဘက်ကကြည့်ကြည့်
ရိက္ခာဆိုတာ
သိက္ခာတရားစစ်စစ်တွေပါ။
(သီလ၊ သမာဓိ၊ ပညာ)

No comments: