Monday, September 27, 2010

ကျနော်နဲ့လေလွင့်စက္တင်္ဘာ


ဗြဟ္မစိုရ်တရားတွေ ဖြန့်ကြဲထားခဲ့တဲ့
အဲီ့နေ့ရက်တွေ ရောက်ခဲ့ပြန်ပေါ့
တူးတူးခါးခါး ငြင်းပယ်ခဲ့တာ
ရေနဲ့အတူ မျောခဲ့ရပြီ။

ဗြဟ္မစိုရ်အစစ်တွေပါ
နောင်တ ရစရာမရှိဘူး။

တကယ်တော့
ဗြဟ္မစိုရ်စာမျက်နှာတွေ
အရင်က အတိုင်းပါပဲ
ရွှန်းရွှန်းကို လက်လို့။

ဗြဟ္မစိုရ်ရင်ဘတ်တွေဆိုတာ
ဟာလာဟင်းလင်းပါ
တခြားအဓိပ္ပါယ်တွေ မရောထားဘူး။

ဒါပါပဲ
မကျေဘူးဆိုတာမရှိဘူး
ဒဏ်ဆိုတာမရှိဘူး
အချိန်မရွေး လာအုံးမယ်
ဗြဟ္မစိုရ်မေတ္တာတရားတွေနဲ့ အတူပေါ့။

No comments: