Sunday, September 5, 2010

ကျနော်နဲ့မနက်ဖြန်များ


ကြားဖူးနားဝ ရင်ခုန်သံတွေနဲ့
ဘဝကို ဒီလိုပဲ ထုဆစ်လိုက်တော့မှာလား
ဒါဆို 
ယူ....ကျုံး.........မရ ဆိုတာတွေ
ဘယ်လောက်များလိုက်လေမလဲ။

ကဲ........ကြည့်
သဲသဲကွဲကွဲ ရင်ခုန်ခြင်းတွေ
တစ်ဖြည်းဖြည်း နှေးနှေးလာပေါ့။

ခုထိ
ဆုံးဖြတ်ချက်တွေ မှားနေကြအုံးမလား
ခုထိ ကိုယ့်ကိုယ်ကို
လိုအပ်ချက်တွေနဲ့ လုံးချာလိုက်နေအုံးမလား
ခုထိ ကိုယ့်ရင်ခုန်သံ
ကိုယ် နားမလည်သေးဘူးလား။

ပြန်လှည့်ကြည့်နေတဲ့
အတိတ်က ဒဏ်ရာဒဏ်ချက်တွေ
ထားရစ်ခဲ့တော့။
ဒီလိုမှမဟုတ်ရင်
လှပတဲ့မနက်ဖြန်များ
မျှော်ရင်းနဲ့ ဝေးနေအုံးမပေါ့။

1 comment:

Crystal said...

ဝေးနေအုံးမယ့် မနက်ဖြန်များစွာ....