Saturday, September 25, 2010

ကျနော်နဲ့လွတ်လပ်ခြင်းရဲ့အား


နေတတ်လွန်းတဲ့ဘဝတွေကို
နာကျည်းနေတာတော့မဟုတ်ဘူး
သူသူကိုယ်ကိုဘဝတွေ
ဖြေဆည်ရာမရသေးတာတော့
ပြန်တွေးရင် ဇစ်ပျက်နေတဲ့ဘဝတွေလား။

ဖြည့်တွေး ပေးထားတာကိုပဲ
နားလည်မှုဟာ တောင်ပံတပ်ပြီး
အဝေးရောက်နေပေါ့
ဘာတတ်နိုင်မှာလဲ
ဝေးနေတာကို အစကတည်းက နားလည်ပြီးသား။

လွတ်လပ်ခြင်းရေ
ငါ စာမျက်နှာတွေအတပ်မှားခဲ့လို့လား
ဟုတ်လောက်ပါဘူး
စာနာမှုတွေနဲ့ လွတ်လပ်ခြင်း
နားလည်မှု ပြောင်းပြန်မောင်းနေသလားလို့။

သူများ ဒဏ်ရာတွေ
ငါ့ ဒဏ်ရာနဲ့ဖာထေးထားတာ
ဘယ်သူမှမသိပါစေနဲ့

ကဲ
လွတ်လပ်ခြင်းရေ နားထောင်
ခုထက်ထိ
ငါ့ရင်ဘတ်နဲ့
ငါ့ခံစားမှုတွေဟာ
ကမ္ဘာမကျေ အစစ်တွေချည်းပဲ။

No comments: