Friday, August 20, 2010

ဖြတ်ကျော်ခြင်းမဟုတ်တဲ့ ဖြတ်သန်းမှုများ


ဖြတ်ကျော်ဖို့
ငါ့ဂုဏ်သိက္ခာက စဉ်းစားထားတာမဟုတ်ဘူး
ဖြတ်သန်းဖို့သက်သက်နဲ့
အိပ်မက်တွေ ခုထိ ဆက်မက်နေတာ။

နားလည်ထားဆဲ
အပြောင်းအလဲဆိုတာ
အဝတ်အစားပြောင်းပြီး
ဒီလူနဲ့ ဒီလူဆိုတာကတော့
ခုနစ်ထွေအက ထက်မပိုပါဘူး။

အလွမ်းအဆွေးစုံခဲ့ပေါ့
ဇာတ်မသိမ်းနိုင်သေးတာ
ဇာတ်ကိုက မျောလွန်းတယ်။
ရာသီတွေသိမ်းဆည်းထားတဲ့
ငါတို့မျက်ရည်တွေ
နွေမှာ ခမ်းခြောက်
မိုးမှာ ရေနဲ့ရော
ဆောင်းမှာ အေးခဲ
အသဲနှလုံးတွေ ရဲရဲနီနေသေးတာ
ဂုဏ်ယူမိ။

ဒါပါပဲ
ဂုဏ်သိက္ခာအတွက်
နှလုံးသားတွေ နီရဲနေဖို့
ဖြတ်သန်းဆဲ.......
ဖြတ်သန်းရင်းနဲ့.............။

No comments: