Friday, August 6, 2010

သတင်းစာနဲ့ခရီးသွားနေသူများ


သတင်းစာအဟောင်းတွေ ဖတ်ဖတ်ပြီး
မိုးလေဝသသတင်းလွဲမှားလို့
ဆဲဆိုနေတဲ့ ပညာတတ်အရူးက
နွေခေါင်ခေါင်ကြီးမှာ နေရာယူ
 အသံကျယ်ကျယ်နဲ့
“ဒီနေ့ နေရာအနှံ့ မိုးထစ်ချုံးရွာမည်
ရွာရန်ရာခိုင်နှုံး(၆၀)” တဲ့။

သေချာခြင်းတွေနဲ့အတူ
သတင်းမှားနေတာကြာပြီ။

ယတြာချေခြင်းတွေနဲ့အတူ
သတင်းမှားနေတာကြာပြီ။

ဝန်မခံခြင်းတွေနဲ့အတူ
သတင်းမှားနေတာကြာပြီ။

သူတို့ရဲ့ တာဝန်မဲ့ခြင်းတွေနဲ့အတူ
ပြည်သူတွေ လူမှုရေးနားလည်သွားကြပြီ။

ဒီလိုနဲ့
မိုးရွာတဲ့နေ့
အရူး ထအော်သလို
“ဒီနေ့တော့ သတင်းက မှန်သားပဲ” ဆိုတာလို
အမှန်တရားတိုင်း နေရာမှန်ရောက်သင့်ပြီလေ။


No comments: