Monday, August 16, 2010

မုန့်လုံးရေပေါ်လူစားများ


သူတို့မှာ
ဟိုး.......တုန်းက 
ဘယ်နေလို့ ဘယ်ရောက်နေမှန်းမသိ
အခွင့်အရေးဆိုတာနဲ့
ကောင်းသလား ဆိုးသလားမတွေး
ဘယ်ချောင်က ဘယ်လိုထွက်ရ ထွက်ရ
ဒါရိုက်တာမောင်ဝဏ္ဏပြောသလို
နှစ်တုံးစားဖူးခဲ့တာတောင် အမှတ်မရှိဘူး။

ရောက်ရောက်ချင်း ရေစိမ်ခံ
ပြီး အထောင်းခံ
ပြီး အမှုန့်အကြိတ်ခံ
ပြီး အနှိပ်အနင်းခံ
ပြီး အလှိမ့်အလုံးခံ
ပြီး အပူထဲထဲ့ခံ
ပြီး ရေအမွန်းခံ
ပြီး နာမည်ပျောက် ပေါ်လောပေါ်
ပြီး အစားခံရ။

အဲ့ဒါပဲ
အခွင့်အရေးဆိုတာနဲ့
မုန့်လုံးရေပေါ်တွေဆိုတာ
တစ်လုံးပြီးတစ်လုံး
တစ်လုံး.....ပြီး....တစ်လုံး။
ဟော ဘာတဲ့  “ပလုံ
ပေါ်လာတာလား?
နစ်သွားတာလား?

1 comment:

Unknown said...

ပလုံ ပလုံ