Thursday, July 8, 2010

ရိုးသားမှုကို ခေတ်တစ်ခေတ်နဲ့ တည်ဆောက်ခြင်း


ဘဝဟာ ခေတ္တက လာတယ်ဆိုရင်
ခေတ်တစ်ခေတ်ဟာ ခဏပါပဲ။

ဘယ်လောက်ထိ 
အဲ့ဒီခေတ်ကို ဆွဲထားနိုင်မလဲ
ဘဝကိုက
မသေချာ မရေရာမှုတွေနဲ့
ခင်းကျင်းထားခဲ့မိမှတော့။

အငှါးချထားမိတဲ့စိတ်တွေ
ကိုယ်ပိုင်ပြန်ဖြစ်ဖို့
ဘယ်လောက်ထိ ကြန့်ကြာနေအုံးမှာလဲ။

ရိုးသားတဲ့စိတ်ကို
ပြန်အဖတ်ဆယ်ဖို့
ဂုဏ်တွေလိုက်ရှာနေမှာလား
ငွေတွေလိုက်ရှာနေမှာလား
အာဏာတွေလိုက်ရှာနေမှာလား
ဒါဆို
ရိုးသားမှုတွေကို
ဘဝတွေ သေသာသေသွား
ရမှာကို မဟုတ်တော့ဘူး။

3 comments:

Crystal said...

ရိုးသားခြင်းသည် အဖိုးတန်လွန်း၏။

Anonymous said...

ဟုတ်တယ်...
ရိုးသားဖို့ကို ခိုးစားလို့နေကြရတယ် အံ့ဖွယ်...

vowel said...

ရိုးလွန်းတော့နွား ဆိုးလွန်းတော့ကျား ဆို။