Thursday, July 15, 2010

နိုးတဝက် အိပ်မက်ဆင်ခြေများ

ပျံတော့ပျံချင်သားပေါ့
ကိုင်းလေး လှုပ်ကျန်မှာစိုးလို့။

လှိုင်းလည်း ရိုက်ခတ်ချင်စမ်းပေါ့
ရေတွေ ကျောက်ဆောင်နဲ့တိုက်မှာစိုးလို့။

ပြေးထွက်ချင်စမ်းပေါ့
ဒိ့ထက် ဝေးသွားမှာစိုးလို့။

တကယ်တော့
မတည်ငြိမ် တွေဝေနေတာမဟုတ်ဘူး။
ဆုပ်ကိုင်ထားတဲ့ အမှန်တရားနဲ့
ဆန့်ကျင်ဘက်ဖြစ်မှာစိုးလို့။

ဆန့်ကျင်ဘက်ရေ
အိပ်မက်တွေ ဒီအတိုင်းပဲမက်နေသေးလို့
ငြိမ်သက်နေတဲ့ င့ါကန်လေးထဲ
ခြေဆော့လက်ဆော့နဲ့
ခဲ မပစ်ချလိုက်ပါနဲ့ကွယ်။

1 comment:

Crystal said...

ဂယက် လှိုင်းလေးတွေတော့ လာရိုက်နေဆဲ...။