ဒီမနက်
လဘက်ရည်သောက်ပြီး
အိမ်ပြန်ခဲ့တယ်။
ငါ့အိမ်နဲ့ငါ
ဝေးနေလိုက်တာ
ခုထိ အိမ်ပြန်မရောက်သေးဘူး။
နေ့နဲ့ညတွေဆိုတာ
အမှောင်နဲ့အချဉ်သိပ်ထားတာ
လိုပါတော့မလား။
(တခါတလေတော့
ဘာမှမရတော့ ဘာမှမလိုဘူး။)
လေရှူခွင့်
ပိတ်မထားတာကိုပဲ
ငါ့စိတ်ဓါတ်ကို ငါကျေးဇူးတင်တယ်။
ဘယ်ဘက်ရင်အုံက
ဒိတ် ဒိတ်နဲ့ ခုန်နေတာရှိနေရင်
ရှိနေသေးသရွေ့ .......
ယုံကြည်ရာ အဲ့ဒီလမ်းအတိုင်း။
အမေ
ကျနော် လဘက်ရည်သောက်ပြီး
တကယ် အိမ်ပြန်ခဲ့တယ်။
2 comments:
အမေကမှာလိုက်တယ် ချိုဆိပ့် ဆို လျှော့သောက်ပါတဲ့။
တပည့်တော်ကတော့ ပုံမှန်လေး တစ်ခွက်ကို အမေနဲ့အတူ သောက်ချင်သေးတယ် အဲ အမျိုးသားလည်း ဘေးမှာ ပိုကောင်း ဟီ ဟိ...:)
Post a Comment