Thursday, May 6, 2010

တိမ်တွေမရှိတဲ့ ဘဝကို ရှာဖွေခြင်း


တိမ်တွေကို ဖမ်းမိဖို့
လိုက်ဖမ်းနေရတာအမော
တိမ်လိုချင်လို့တော့မဟုတ်ဘူး
ကောင်းကင် ရှင်းလင်းတာကို ကြည့်ချင်လို့ ။

ငါ့ဘဝကို လွမ်းမောတာ မလိုချင်ဘူး
ပါရမီအဖြစ် ဖြည့်ရမယ်ဆိုရင်
တကယ်ပြောတာ
ငါ လွမ်းမောခြင်းကို မရင်းနှီးချင်ဘူး
လွမ်းပြီး မောရမယ့်ဘဝတွေရယ်
မောပြီး လွမ်းရမယ့် ရာသီတွေရယ်
အဲ့ဒါကို
ငါ တခြားလမ်းကပဲ သွားပါရစေ။

ငါ့အတွက် မကြည့်တတ်တဲ့
အဲ့ဒီ ဘဝတွေကို 
ငါ 
ကိုကျော်သူ မဖြစ်ခဲ့တာကို
သိပ်သိပ်သည်းသည်းနဲ့ ဖြေဆည်ကြည့်တယ်
အလွမ်းဟာ 
ခုထိ အလွမ်းပါပဲကွယ်။

2 comments:

ကိုနော said...

တကယ်ပြောတာ
ငါ လွမ်းမောခြင်းကို မရင်းနှီးချင်ဘူး
လွမ်းပြီး မောရမယ့်ဘဝတွေရယ်
မောပြီး လွမ်းရမယ့် ရာသီတွေရယ်
အဲ့ဒါကို
ငါ တခြားလမ်းကပဲ သွားပါရစေ။
အဲဒါမျိုးကို သဘောကျတာ...။

linnhtatshein said...

ငါ့အတွက် မကြည့်တတ်တဲ့
အဲ့ဒီ ဘဝတွေကို
ငါ
ကိုကျော်သူ မဖြစ်ခဲ့တာကို
သိပ်သိပ်သည်းသည်းနဲ့ ဖြေဆည်ကြည့်တယ်။
ကိုယ်ကတော့ ဒါမျိုးလေး သဘောကျတာ။
ကိုကျော်ဂျာမဏီ