Saturday, May 22, 2010

လျှောက်ခဲ့တဲ့လမ်း


နွေကောင်းကင်မှာ
ပိုးဆိုးပက်စက်ပူလည်
အောက်ကျို့ခံပြီးမတောင်းဆိုနဲ့
နွေအိပ်မက်မှာ နွေလိုပူတာ မဆန်းဘူး
ဆောင်းနဲ့မိုး အားမကိုးနဲ့
ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားထား။

ပြိုင်တူမက်ခွင့်မရတဲ့ အိပ်မက်တွေ
ပြိုင်တူမက်ကြလော့
ရိုးအခြင်းကို သမိုင်းမတင်ထားဘူး

အငှါးကျောင်းပေးရမယ့် နွားတွေမှ မဟုတ်တာ
ကိုယ်တိုင်ရေးထားတဲ့စာမျက်နှာ
ဘယ်သူဖတ်ဖတ် လှနေဖို့ပဲ အရေးကြီးတယ်

ရာသီစောင့်နေဖို့လည်းမလိုဘူး
လျှောက်ရမယ့်လမ်းကတော့
နောက်ပြန်မြှား ပြကိုမပြထားဘူး
အမှန်တရားဟာ မြှားဦးပဲ။


2 comments:

Crystal said...

အမှန်တရားနဲ့ ရှေ့သို့ပဲ ချီတက်မည် မြှားဦးလိုပဲ ဘယ်ခါမှ နောက်ပြန်မလှည့်။ ကောင်းလင့်တေး။

linnhtatshein said...

read သွားသည်