Tuesday, May 4, 2010

ကျောက်စာထွင်းခြင်းမလိုတဲ့ နာမည်များ


တမ်း တ တတနဲ့ သတိရနေဖို့
အဲ့ဒီ စာမျက်နှာမှာ
ဘယ်နှစ်မျက်နှာ တွေ့လို့လဲ။

ကိုယ်ထားခဲ့သမျှ
နောက်လူသိမ်းထားမယ်လို့
ရင်ခွင်ထဲ လာတိုးခွင့်မရှိတာတွေ
ဘယ်သူက မက်မောလေမလဲ
လှပခြင်းဟာ စကားလုံးမရှိလဲ
လှလွန်းပါတယ်။

ခေါ်ရင်လာ
ခိုင်းရင်လုပ်
ခံမပြောနဲ့
ခွေသွားမယ်
ကိုယ်ဖြစ်ကိုယ်ခံ ဒါပဲဆိုပြီး
ရင်ကော့ခံခဲ့တာနဲ့ 
ကျောက်စာတွေ မထွင်းထားခဲ့လေနဲ့။

ငါ့အတွက်မဟုတ်ခဲ့တာတွေနဲ့
ငါ့အတွက်ပြန်ဖြစ်နေတာကပဲ
လောကကြည်နူးနေရင်
ကောင်းကင်က ကြယ်တလုံးကို
မင်းနာမည်ထိုးပြီးသားပေါ့။

နာမည်တူရင်နေတောင်
နာမည်ရှိခဲ့ဖို့
နာမည်တွေနဲ့ သီးခြားဖြစ်အောင်
စကားလုံးရှာမနေပါနဲ့
နှလုံးလှခဲ့သူတိုင်း
နာမည်လှပြီးသားပါလေ။


2 comments:

ကိုနော said...

ကဗျာကတော့ ရဲရဲတောက်ပဲ...အနီနဲ့ရေးထားတာ။

vowel said...

“နာမည်တူရင်နေတောင်
နာမည်ရှိခဲ့ဖို့
နာမည်တွေနဲ့ သီးခြားဖြစ်အောင်
စကားလုံးရှာမနေပါနဲ့
နှလုံးလှခဲ့သူတိုင်း
နာမည်လှပြီးသားပါလေ။”


အား...ရို...ရိုး......
လန်းတယ်....ဗျို့။
အဲဒီမှာ..စတွေ့တာပဲ။