Saturday, October 9, 2010

မုဒိတာကွက်လပ်


သူသူ ကိုယ်ကို 
ကရုဏာတရားတွေ
မေတ္တာတရားတွေ
ဥပေက္ခာတရားတွေ
ဘယ်လို ဘာကြောင့်ဖြစ်ဖြစ်
လက်လွယ်လွန်းတယ်။

ပေးစရာ ပေးလိုက်တာပဲ
ကျွေးစရာ ကျွေးလိုက်တာပဲ
အလှူဆိုတာ 
သိပ်မက်မက်စက်စက်ရှိတဲ့ လူမျိုးကိုး။

တစ်ခါတစ်ရံနဲ့
တစ်ချို့နေရာတွေမှာတော့
မုဒိတာပွါးဖို့
လက်နှေးလွန်းတယ်(သို့မဟုတ်)
မရှုစိတ်နိုင်လွန်းတယ်။

လူတစ်ယောက်က 
အများအတွက် လုပ်ဆောင်တယ်
အများအတွက် ကူညီတယ်
အများအတွက် စဉ်းစားတယ်
ခုထိ
ကိုယ်မလုပ်နိုင်တာကို သူများလုပ်ခြင်းအတွက်
ကိုယ့်မှာ သူ့အတွက် မုဒိတာမပွါးနိုင်သေးဘူး။

မေတ္တာတရားတွေ
ဥပေက္ခာတရားတွေ
ကရုဏာတရားတွေ 
တွင်တွင်လုပ်နိုင်ပါရက်နဲ့
အရင်းမစိုက်ရတဲ့ မုဒိတာတရားအတွက် 
ချို့တဲ့ ခေါင်းပါးလွန်းတယ်။

ဘယ်လိုကြည့်ကြည့်
လှတော့လှပါရဲ့
ယဉ်တော့ မယဉ်ကျေးသေးဘူး
ခုထိ
မုဒိတာတရားတွေ။

No comments: