Tuesday, October 5, 2010

ဖြတ်ဇာတ်


အနာအကျင်တွေကိုပဲ
တေးအဖြစ် သီဆိုနေကြမှာလား။

အခိုက်အတန့်
သောင်တင်နေခြင်းကို
ကြည့်ချင်ပွဲလို စောင့်ကြည့်နေကြ။

ဇာတ်သိမ်းခန်းဆိုတာ
ဟိုတုန်းက ပြောနေကြ
ရွှေဘလက်သီးပဲ လိုတာပါ။

တကယ်တော့
ငိုချင်းရှည်ဆိုတာ
မိုးလင်း မကနိုင်မှတော့
ဘာလို့ ဆက်ငိုနေအုံးမှာလဲ။

ကဲ...........
အိပ်ရေးပျက်ပေါင်းများပြီ
မိုးလင်းကြပါတော့။

1 comment:

Crystal said...

ရောင်နီမသမ်းသေးဘူး၊ ကမ်းတစ်ဖက်မှာ နေမင်းက အိပ်ပျော်နေတယ်။