Saturday, June 5, 2010

ခရီးသွားနေသော စိတ်များ


ဘဝင်မြင့်ခြင်းတွေ
စားသုံးနေတာ မဟုတ်ပေမယ့်
ပြေးအားကောင်းဆဲလို့ ထင်နေခဲ့တာ
ဒီကနေ့ မနက်အထိပါပဲ။

စိတ်အနယ်ထိုင်ခြင်းကို
လိုလားနှစ်သက်နေတာ
ဟုတ်ကို မဟုတ်ဘူး
တကယ်တော့
စိတ်အညောင်းမိနေတာကိုပဲ
စိတ်ကို စိတ်က လက်မခံချင်ဘူး။

ရယ်ရယ်ရွှင်ရွှင်နေ့ရက်တွေ
မနေ့က အတိုင်းရှိနေရင်
ဘယ်လောက်ကောင်းမလဲလို့
မတွေးချင်တော့ဘူး
နေ့သစ်ကို နေ့သစ်အတိုင်း
ပြေးအားကောင်းစေဖို့
စိတ်ကို မွေးမြူရအုံးမယ် ။

ဘလော့ဂ်ဂါရောင်းရင်း ကိုနောသို့

No comments: