Tuesday, August 18, 2009

တွေးလက်စ နံနက်ခင်းအတွေးများ(၂)


တွေးလက်စ လို့ရေးထားပေမယ့် တွေးဖြစ်ပေမယ့် မရေးဖြစ်တာနဲ့ တွေးဖြစ်တာ တွေ ခုမှရေးဖြစ်ပါတော့တယ်။
ကွန်ပျူတာရှေ့ တင်ပါးအပူမခံနိုင်တာ တစ်ဒုက္ခလို့ ဆိုရမယ်ထင်ပါတယ်။

ဒီနေ့မနက်တော့ သဘာဝဖြစ်တည်မှုကို ဒီအတိုင်းထားပြီး ကုလားထိုင်ပေါ် ကော်ဖီခွက်ကိုင်ကာ အိမ်ရှေ့ လမ်းမကို အမှတ်တမဲ့ ကြည့်လိုက်မိတယ်။ တွေ့မိတာက ခြေထောက်တွေ ချည်းပဲ။ ခြေသလုံးအထက် ဘာမှမမြင်ရဘူးလေ။ ဘယ်လိုကြည့်တာပါလိမ့်လို့ ထင်နေမှာပေါ့။ အိမ်ရှေ့ တံခါးမကြီးက ခြေသလုံးအထက်ပိုင်းကို မမြင်အောင် အလုံပိတ်ထားလို့ပါ။ တောင် မြောက်သွားနေကြတာ နည်းမှမနည်းဘဲကိုး။ ခြေထောက်ဖတ်တတ်တဲ့ သင်္ကေတ မသိလေတော့ ဘယ်သူ ဘယ်ဝါဆိုတာလည်း မသိတော့ဘူး။ မျက်စိတစ်ဆုံးလည်း လိုက်မကြည့်ဖြစ်တော့ဘူး။ ခြေထောက်ဆိုတာပဲ တစ်ခဏ အမြင်လေး ပဲရှိတာလေ။

တစ်ချို့က ဖိနပ်အကောင်းတွေစီးပြီး သွားကြ၊ ကိုယ်တိုင်ချမ်းသာတာလား၊ မိဘဆင်ပေးထားတာလားဆိုတာ အတွေးတွေ တစ်စီတစ်တန်း..................။

တစ်ချို့က ဖိနပ်ခပ်နွမ်းနွမ်းလေးတွေ စီးလို့၊ ဒါဟာ ခြေထောက်ပိုင်ရှင်ရဲ့ ပစ္စက္ခ စီးပွားရေးနဲ့ဆိုင်နေသလား၊
မိသားစုအတွက် ငဲ့ညှာပြီး စီးလို့ဖြစ်ပါသေးတယ်ဆိုပြီး ပေတေပြီး ဆက်လက်စီးနေကြသလား..............။

တစ်ချို့ကြတော့ ဖိနပ်မပါ မိမွေးထားတဲ့ ခြေထောက်အတိုင်း လုပ်တိုင်းမဖြစ်သေးတာလား၊ မလုပ်ဖြစ်သေး တာလားဆိုတာတော့ သူကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။

အားလုံးသွားနေကြမှာပဲ။ တစ်နေရာဆီကိုပေါ့။ မရောက်မချင်းသွားနေရအုံးမှာပါ။ သွားရင်း လမ်းပျောက် တဲ့သူတွေလည်း တွေ့ရမှာပါ။ (ဖေးမလို့ ရရင်တော့ သွားကြသူတွေအချင်းချင်း လက်တွဲခေါ်လိုက်ပါ)
တစ်ခါတစ်ခါ သွားရင်း သွားရင်းနဲ့ မွေးရပ်မြေနဲ့ဝေးသွားကြသူတွေလည်း မနည်းပါ။ သွားတိုင်းလည်း ကောင်းသလားဆိုတာတော့ အသွားရပ်မှ စဉ်းစားမိသလိုမျိုး ဖြစ်နေမှာထင်ပါတယ်။ ကျနော်ကတော့ ဝေး ဝေးရောက်လေ မွေးရပ်မြေကို ပိုလွမ်း လွမ်းလေပါပဲ။

ဘာပဲဖြစ်ဖြစ် မိဘရင်ခွင်ဆီတော့ ခြေဦးပြန်လှည့်ဖြစ်အောင်တော့ ကျနော်ကြိုးစားရအုံးမှာပါပဲ။
ခုချိန်ထိတော့
ကျနော်လည်း...................................။


No comments: