Friday, April 8, 2011

ပိတောက်ရေ ..............


ပိတောက်က ပိတောက်
သေချာတဲ့ ဧပရယ်လ်က ဧပရယ်လ်
(တန်ခူးက တန်ခူး တခါတရံ ကဆုန်က ကဆုန်)
ဆုံမှတ်အဖြစ် ပေါင်းကြတော့
သင်္ကြန်တဲ့။

ဘယ်အရာမဆို
ရသတစ်ခုဖြစ်ဖို့
ဆုံမှတ်ကတော့ လိုအပ်မှာပါပဲ။

သင်္ကြန်ကတော့ ရောက်လာတော့မယ်
ငါနဲ့ဆုံမှတ်ဖြစ်လားဆိုရင်
ငါ့ရင်ထဲက ပိတောက်က
ဟိုး.........အဝေးဆီမှာ
ဟိုး.........အဝေး
ဟိုး...........။

No comments: