Saturday, January 22, 2011

ဆောင်းကမ္ဗလာနဲ့ အမေ့ရင်ခွင်


လူလေးရယ် 
ဟိုဟိုဒီဒီတွေးမပူပါနဲ့ဆိုပြီး
ငါ့ဝမ်းတစ်ထွာနဲ့ငါ
အမေက ငါ့ကို မွေးဖွားပေးလိုက်ပြီ။

စွမ်းအားဆိုတာ
ရှေ့တစ်လှမ်းတိုးရဲမှ 
အမေ့သား ပီသမှာပေါ့တဲ့
အမေရေ 
ကျနော် ရှေ့သို့ဆက်လှမ်းခဲ့ပြီ ။

ငါ့သားရေ
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
ဒီလိုနဲ့ အမေ့တွန်းအားတွေ
ဝေးနေရင်းနဲ့ နီးနီးနေရတာ အမေ။

ကျနော်ထင်တယ်။
အမေက 
ကျနော်အတွက် ကျေနပ်မှုအပြုံးတွေနဲ့
တိုးတိုးပြီး ပြုံးနေမှာပါ 
ပြုံးပါလေ အမေ။ 

အဖေကတော့
ဒါမှ ငါ့သားကွဆိုပြီး
လက်မထောင်ကြွားနေတာကို
အမေက ဟင်း....ဟင်း....ဆိုပြီး
တော့်နော်တော် ကလေးကလားနဲ့
အမေပြုံးနေမှာ 
ကျနော်မြင်ယောင်မိတယ် အမေ။

ကျနော် မြင်ယောင်မိတယ်
အမေ ပြုံးနေမှာကိုလေ ။


မှတ်ချက်။     ။ ၂၃.၀၁.၂၀၁၁ ဆောင်းအိပ်မက် မွေးနေ့ရှင်အတွက်။

1 comment:

Anonymous said...

ဒါမျိုးလည်း လွမ်းတတ်ပေသကိုး..။