Tuesday, April 27, 2010

ကဆုန်လပြည့်


လမ်းကြုံလို့ 
ဘဝကို စခဲ့တာမဟုတ်ဘူး။

ကိုယ့်အတွက်ချည်းဆို
ဖြစ်ပျက်တွေ ဒီလောက်မများဘူး။

ကောက်ကွေ့ချင်လို့
ဒီခရီးကို ပြန်ဝေ့ခဲ့တာလည်း မဟုတ်။

ဝေနေယျာ ချမ်းသာစေဖို့
 များသတ္တဝါ စီးပွားစေဖို့
သောင်းတိုက်ဝဠာ အကျိုးများဖို့
ဗုဒ္ဓဖြစ်ဖို့ ကြိုးစားခဲ့တာ။

အခွင့်ကြုံ
ဆုံလိုက်ပြီတဲ့
ပုံတော်ကျော်ပြီး
ဂုဏ်တော်ဆီသို့ ဆိုက်ပါလေ့
ဒီနေ့ .............
ဗုဒ္ဓနေ့။
  

2 comments:

ကိုနော said...

ပွိုင့်ကြီးပြီး စာလုံးရဲတယ်..အထူးကဗျာဖြစ်ရမယ်...
ဒီနေ့ ဗုဒ္ဓနေ့ပါတကား...။

linnhtatshein said...

မစ္စတာပါရဂူလေလော
ကဗျာ ပါရဂူလေလော
ရေးတတ်ပါ့
ရေးနိုင်ပါ့
လေးစားပါ့
ကိုကျော်
ဂျာမဏီ