Monday, February 22, 2010

မနက်ဖြန်မှာ ငါမက်မယ့် အိပ်မက်

မနက်ဖြန်တွေ အရောအနှောမဖြစ်ချင်တာနဲ့
ဒီနေ့ပဲ ရင်ဘတ်က
ပုဂံခေတ် ရောက်သွားတယ်။
သဲသဲကွဲကွဲမသိကြဘူး
ရင်ခွင်မသိဘဲ လွမ်းနေကြတာက
မနက်ဖြန်မှာ နှင်းတွေကျမယ်ဆိုပဲ။

တရားမဲ့လွန်းတာ သိသားနဲ့
ဖတ်စာတွေ ပြန်ပြန်ဖတ်နေတာကိုက
ပြောချင်ဘူး
တကယ်ပဲ အသိမဲ့လွန်းတယ်။

လှန်ပြီးသား စာမျက်နှာတွေ ပြန်မဖတ်ပါနဲ့။
အသံမကြားဘဲ ရင်နာလွန်းတယ်။

ကြားဖြတ်သတင်း
မနက်ဖြန်အိပ်မက်တွေအတွက်
ဒီနေ့ စောစောအိပ်ကြ။

I.C ဆိုသော ကျနော့်သူငယ်ချင်းသို့

1 comment:

လှအောင်ဇော် said...

“ငယ်ငယ်တုန်းက
မနက်ဖြန်ရောက်ချင်လို့
အိပ်ရာစောစောဝင်ခဲ့တယ်၊”တဲ့
မိတ်ဆွေတစ်ယောက်ရဲ့ ကဗျာစာသား
ငါ့အတွက် ကိုးကားစရာဖြစ်ခဲ့ပြီ။
ဒီနေ့တော့
မနက်ဖြန်ရောက်မှာစိုးလို့
ဒီနေ့ကို အချိန်ဆွဲထားချင်မိပေါ့ဗျာ
မစ္စတာပါ....