Thursday, December 30, 2010

နာမည်များရဲ့သိက္ခာ


နာမည်တစ်လုံးရဖို့
ဘယ်သူမှ ကိုယ့်စာမျက်နှာ ကိုယ်မကျော်ချင်ကြဘူး
ဒါပေမယ့် 
စာမျက်နှာတွေ ကျော်ခဲ့ကြပြီ။

နာမည်တစ်လုံးရဖို့
မတရားမှုအတွက်
ဘယ်သူမှ သူများမျက်နှာကြည့်ဖို့မလိုဘူး
တရားမျှတမှုကို ချစ်ခြင်းမေတ္တာနဲ့။

နာမည်တစ်လုံးရဖို့
ဘယ်သူက ကိုယ့်နာမည်ကို စတေးခံနိုင်သလဲ
ဒါပေမယ့် စတေးလိုက်ကြပြီ
ကောင်းခြင်း ဆိုးခြင်းတွေနဲ့။

အရေးကြီးဆုံးက...................
ကိုယ့်ကို အများချစ်စေတာထက်
ကိုယ်က အများကိုချစ်တာက
ဘယ်ဟာက ဘယ်လောက်တန်ဖိုးရှိမှာလဲ
ကဲ................
ကိုယ့်သိက္ခာ ကိုယ့်သမိုင်းကို
နာမည်တစ်လုံး ကမ္ဗည်းထိုးကြမယ်။